Friday, June 27, 2008

ဟာသလေးများ











Read More...

Thursday, June 26, 2008

ဆောင်းတွင်းရဲ့လွမ်းတညနေ


နှင်းလေးတွေက တဖွဲဖွဲကျနေတဲ့
ဆောင်းတွင်းရဲ့ လွမ်းတညနေ
နွမ်းလျခွေ ပန်းတွေကလည်း
မြေခကြွေကျတော့
လွမ်းနေရပြန်ပေါ့
သူလေးရယ်……….

သူမသူ့ကိုအရမ်းသတိရနေမိတယ်….နင်ရောဟင်…..ချမ်းအေးလှတဲ့ ဆောင်းတစ်ညမှာအိမ်သူသက်ထား
လေးကိုရင်ခွင်မှာမှေးသိပ်ရင်း နင့်ဘဝရဲ့ကျန်ရှိနေတဲ့အချိန်တွေကို ပျော်ရွင်ကျေနပ်စွာဖြတ်သန်း နေမှာလားဟင်… ထပ်တူညီတဲ့တစ်ချိန်ထဲမှာဘဲ ပြတင်းပေါက်ဘောင်ကို လက်ကလေးထောက်…. လေထဲမှာဝဲလွင့်စွာကျနေတဲ့ နှင်းကလေးတွေကိုကြည့်ရင်းအဝေးတစ်နေရာက သတိရနေသူတစ်ယောက် ရှိနေတယ်ဆိုတာကိုရော အတွေးထဲမှာဖျတ်ခနဲလေးတောင်မှ သတိရပါ့မလား…. ဖြစ်နိုင်ရင်တစ်ခဏ လေးပဲဖြစ်ဖြစ် ငါ့ကိုသတိရပေးပါလားချစ်သူရာ…

ငါတို့ကိုယ်တိုင် ကိုယ်နှစ်သက်ရာကိုရွေးလျှောက် ခဲ့ကြတဲ့လမ်းကဘာဖြစ်လို့မျဉ်းပြိုင်တွေ ဖြစ်နေရတာလဲကွယ်… ကောင်းကင်လေး ထဲကနေ သူ့ထက်ငါ အပြိုင်ကျဆင်းနေတဲ့ အဖြူရောင်မြူနှင်းတွေကြားမှာ ငါတို့ နောက်ဆုံးတွေ့ခဲ့တဲ့အချိန်လေးကိုရေးရေး ပြန်လည်မြင်ယောင်ရင်း…ငါ့ပါးပြင်မှာလေနွေးသက်သက် မျက်ရည်စတွေကစီးဆင်းလို့…သီချင်းသံတိုးတိုးလေးဖွင့်ထားတဲ့ coffee shop ထဲမှာခေါင်းမာတဲ့ကောင်မလေး တစ်ယောက်နဲ့ ကိုယ်ယုံကြည်ရာကိုအမှန်လို့ ထင်တဲ့ကောင်လေး တို့နှစ်ယောက်ဟာ တိတ်တိတ်ဆိတ်ဆိတ်နဲ့လမ်းခွဲခြင်းကိုများစိတ်ထဲမှာဖော်ကျူးနေသလားကွယ်… သူ့အမြင်အာရုံတွေက စားပွဲပေါ်ကပန်းနုရောင်ကဒ် လေးကို မကြည့်ပါဘူးလို့သတိထားနေပေမဲ့ စိတ်တွေကထိန်းချုပ်လို့မရ…. သက်ရှိလူသားနှစ်ယောက်ရဲ့ စိတ်ကို သက်မဲ့ကဒ် လေးပိုင်းခြားနိုင်ရဲ့လား .... လူနှစ်ယောက်ကိုအဝေးဆုံးရောက်အောင် တွန်းပို့နိုင်သလား… သိပ်ခေါင်းမာတတ်တဲ့ကောင်မလေးနဲ့ ထိုက်တန်တာ သူမတို့နှစ်ဦးကိုစည်းခြားလိုက်တဲ့ ပန်းရောင်ဖိတ်စာ ကဒ်လေးဘဲလား… အရာအားလုံးဟာပြီးသွားခဲ့ပြီတဲ့ ဘယ်အရာကိုများ သူမတမ်းတနေရအုံးမှာလဲ… သူ့ဆီကကြားနေကြစကားတစ်ခွန်းကိုလား… အဝေးဆုံးကိုထွက်ခွာသွားဖို့ဆုံးဖြတ် လိုက်ပေမဲ့သူမကိုသူမ နောင်တများရနေလားဟင်… ဟင့်အင်း…….. မရပါဘူးနော်… သူလည်းသူယုံကြည်ရာသူလုပ်သလို သူမကလည်းမှန်တယ်ထင်လို့ဆုံးဖြတ်ခဲ့တာပဲလေ… ဆိုင်လေးကိုစရောက်ကတည်းက ပန်းရောင် ကဒ်လေးကိုစားပွဲပေါ်တင်ပြီး စကားတစ်ခွန်းမှမပြောတဲ့ချစ်သူကို ပြောဖြစ်လိုက်တဲ့စကားလေးမှာ… “အရာရာ အားလုံးဆုံးရှုံးသွားတဲ့ မိန်းကလေးတစ်ယောက်ဟာ ဘာသာစကားမတူ… အယူအဆမတူ… ရေမြေတောတောင်သဘာဝတွေ မတူတဲ့သူစိမ်းတွေကြားမှာ… နင့်ကိုလွမ်းရင်းနဲ့ အနာဂတ်တွေကိုလှပစွာ ပုံဖော်ထုစစ်ဖို့ ပျော်ရွင်စွာအသက်ဆက်ရှင်သွားမှာပါ” ဒီစကားလေးကိုပြောလိုက်တော့ ဖျတ်ခနဲကြည့်တဲ့ နင့်မျက်ဝန်းထဲကစကားလုံးပေါင်းမြောက်များစွာ ကိုအမိအရဖမ်းဆုပ်ပြီး နှုတ်မဆက်ဘဲထွက်သွားခဲ့တဲ့ ငါ့ကိုခွင့်လွှတ်ပါချစ်သူ…. မျက်ဝန်းထဲကစကားများနဲ့တင်ကျေနပ်ပါတယ်… coffee shop လေးကနေ ထွက်ခါနီးခပ်တိုးတိုးဖွင့်ထားတဲ့ သီချင်းလေးကိုအာရုံစိုက်မိတော့ you are always on my mind ….. တဲ့ ဘာပဲဖြစ်ဖြစ်လေ ဝေးသွားပြီဆိုမှတော့ ဘာကိုမှလဲမမျှော်လင့်တော့ပါဘူး နင့်အတွက်တော့အရာရာဟာ အနည်ထိုင်စပြုနေနိုင်ပေမယ့် ငါ့ရင်ထဲမှာတော့လေ လျှောက်ခဲ့တဲ့ချစ်လမ်းလေးတွေကိုပြန်တမ်းတမိတာ ငါအပြစ်မဟုတ်ပါဘူးနော်…. နင်ရွေးခဲ့တဲ့လမ်းမှာနင်ပျော်ရွင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…. တမ်းတမိတာတော့ငါ့ကိုငါ လိပ်ပြာလုံပါတယ် ဘာပဲဖြစ်ဖြစ်လေ အရာအားလုံးကိုစွန့်လွှတ်ခဲ့ရရင် တောင်မှ သတိရခြင်းကိုငါပိုင်ပါတယ်…ချစ်သူ……

Read More...

Wednesday, June 25, 2008

ဖတ်ဖြစ်သောဝတ္ထုလေးတစ်ပုဒ်


အခုရက်အပိုင်းအရမ်းစိတ်ညစ်နေပါတယ်…ဘာလုပ်လုပ်စိတ်မပါဘူး…စိတ်ညစ်လက်ညစ်နဲ့ဝတ္ထုဖတ်ဖြစ်ပါတယ်… ဝတ္ထုကတော့ဖတ်ပြီးသားလေးပါပဲ…. ခုမှစိတ်လေနေတာနဲ့ပြန်ဖတ်မိတဲ့အချိန်မှာ ခံစားမှုကလုံးဝမတူတော့ဘူး… ဘယ်လိုပြောရမလဲ…. အရင်...ငယ်သေးတဲ့တချိန်တုန်းကပေါ့….. ဒီဝတ္တုကိုဖတ်တယ်ပြီးတော့လည်း ပြီးသွားတာပဲ ဘာမှကိုဦးနှောက်ထဲမ၀င်ဘူး…. ဒီလိုပဲလေ ငယ်တုန်းကတော့သိကြတဲ့အတိုင်းပေါ့နော်…. ဟုတ်တယ်ဟုတ်… အဲ….ပြောစရာရှိတာကအခုဒီဝတ္တုလေးပဲပြန်ဖတ်မိတဲ့အချိန်ကြတော့ မတူတော့ဘူး…. ဝတ္ထုဖတ်တာလဲဆုံးရော…. ရင်တစ်ခုလုံးမွန်းကျပ်မှုတွေ ပြီးတော့တွေးစရာ၊ စဉ်းစားစရာတွေနဲ့ပြည့်နှက်နေတယ်…

ဝတ္ထုထဲကဇာတ်ကောင် မနှင်းမှုန်ရဲ့အားမာန်တွေလိုမျိုး ရချင်မိပါတယ်….. အသက်လောက်ချစ်ရတဲ့ ချစ်သူကိုမြစ်ကမ်းဘေးမှာ ထားခဲ့နိုင်တဲ့သတ္ထိတွေရချင်တယ်… ချစ်သူကိုပိုင်ဆိုင်ချင်တဲ့ကိုယ့်စိတ်ကို ပြန်မုန်းမိတယ်…… ရူးသွပ်စွာပိုင်ဆိုင်ဖို့ ကြိုးစားမိတဲ့အတွက်လည်းနောင်တရမိတယ်… ပြတ်သားတဲ့စိတ်ဆိုတာအချစ်နဲ့ ပတ်သက်လာရင်ဘယ်နေရာ ဘယ်ဒေသမှာများ ရှောင်ပုန်းနေပါလိမ့်ကွယ်…. ကိုယ်ကရော ကိုယ့်ချစ်သူကိုမြစ်ကမ်းဘေးနားမှာထားခဲ့ရင်… ကိုယ့်ချစ်သူ…. သူကရောဝတ္တုထဲကကိုအေးညိုစောင့်သလိုရပ်စောင့်နေမှာတဲ့လား…. တစ်ယောက်ကသွားရင် ကျန်တဲ့တစ်ယောက်က ဒီနေရာမှာရပ်နေမှ သူတို့နှစ်ယောက်ကပြန်ဆုံနိုင်မှာတဲ့လေ….. တကယ်ရပ်စောင့်နေရင် ရောတကယ်ဆုံနိုင်မှာတဲ့လား….နှင်းမှုန်ရဲ့ ကိုစံလှကိုမုန်းတဲ့အမုန်းမျိုးကိုရော… အား…..ရင်ထဲမှာမွန်းကျပ် လိုက်တာ.. ရင်ထဲကအမောတွေ မေးခွန်းတွေကကျွန်မဦးနှောက်ကိုဝင်စောင့်တော့ မူးမေ့သွားမတတ်ပါပဲ….. တို့ဘဝတွေမှာ နှင်းမှုန်လောက်ဆိုးဝါးတဲ့ လောကဓံကိုမရဘဲနဲ့ ဘာဖြစ်လို့အရှုံးပေးချင်ကြရတာလဲ….. စောင့်နေပါ့မယ်လို့ပြောတဲ့ ချစ်သူဆီကိုရော.... နှစ်ပေါင်းများစွာမသွားဘဲနေနိုင်ပါ့မလား….. ကျန်ခဲ့တဲ့သူကကော ဘယ်လိုအင်အားမျိုးတွေနဲ့ တစ်ယောက်ထဲရပ်တည် ကျန်ခဲ့ဖို့သတ္ထိတွေပေးခဲ့လဲ… ထွက်ခွာသွားလေသူ နှင်းမှုန်ကရော တစ်ချိန်ချိန်မှာပြန်လာမှာလား….. ဒါမှမဟုတ်ဘာတွေဆက်ဖြစ်ကြမှာလဲ….. ၀တ္တုရေးတဲ့ဆရာ ရေးထားသလိုပဲဖတ်ရမှာဆိုပေမယ့်…. ကိုယ်သာဆိုရင်ဘယ်လိုရေးမလဲ…. ဒီဇာတ်လမ်းကိုဘယ်လို အဆုံးသတ် မလဲပေါ့…. လောကကြီးမှာကြွေလွင်သွားတဲ့ ပန်းတွေအများကြီးပဲတဲ့… အဲဒီထဲမှာပြန်ပွင့်တဲ့ ပန်းမရှိဘူးလို့ ထင်လား… တစ်ချို့ပန်းပွင့်တွေက တစစီဖဲ့ခြွေခံလိုက်ရပေမဲ့ ပြန်ပွင့်နိုင်တဲ့သတ္ထိတွေရှိတယ်တဲ့… ပြန်ပွင့်နိုင်တဲ့ ပန်းလေးတွေရော… သူ့လိုရှင်သန်နိုင်ပါ့မလား…. အဲ့ဒီလိုပြန်ပွင့်ဖို့ကရောပန်းကလေးရဲ့ အင်အားနဲ့တင်ရပါမလား… အခြားလိုအပ်ချက်တွေရောမလိုတော့ဘူးလား… ဥပမာ - အပင်တွေအတွက် နေရောင်ခြည်တို့… လေတို့… ပြီးတော့ရေစသည်ဖြင့်ပေါ့လေ…. ဒါတွေကကောမလိုအပ်တော့ဘူးလား…. ဘာပဲဖြစ်ဖြစ်လေ…. ပန်းတစ်ပွင့်ပြန် ဖြစ်ဖို့ဆိုတာ အနည်းဆုံးတော့ အချိန်ကပဲအဆုံးအဖြတ်ပေးသွားမှာပဲလေ….. တို့အားလုံးလည်းကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြရအုံးမှာပဲနော်….. ဘ၀အမောလေးတွေကြားမှာရှင်သန်ရင်း…… အားအင်အသစ်တွေ မွေးဖွားတိုင်း… မွေးဖွားတိုင်း…….. အရာရာဟာ င့ါတို့ရှေ့မှာပဲဆိုတာကိုမမေ့ကြေးနော်………..


အသက်အရွယ်…. အတွေ့အကြုံ…. အချိန်တွေပေါ်မူတည်ပြီးတော့ တဒင်္ဂခံစားမှုလေးကိုသုံးသပ်ကြည့်တာပါ

Read More...

Tuesday, June 17, 2008

ချစ်သူဘဝနဲ့ အိမ်ထောင်သည်ဘဝ ဟာသလေးပါ..




forward mail လေးကိုတဆင့် ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်.....ပြုံးပျော်နိုင်ပါစေ.....
(1) ချစ်သူဘဝ ။ ။အလကားနေရင်းအကြည့် ချင်းဆုံ၏။
အိမ်ထောင်သည်ဘဝ။ ။အကြည့် ချင်းဆုံလျှင်လည်းအလကားဖြစ်၏။
(2) ချစ်သူဘဝ ။ ။အလကားနေရင်း ချစ်သူကိုတမ်းတ၏။
အိမ်ထောင်သည်ဘဝ။ ။ချစ်သူကိုတမ်းတသော်လည်းအလကားဖြစ်၏။
(3) ချစ်သူဘဝ ။ ။ကလေးဘယ်နှစ်ယောက်ယူလိုက်မည်ဟုစိတ်ကူး၏။
အိမ်ထောင်သည်ဘဝ။ ။စိတ်ကူးသည့် အတိုင်းကလေးမယူဖြစ်ခဲ့ ရင်အကောင်းသားဟုတွေး၏။
(4) ချစ်သူဘဝ ။ ။ကိုယ်ပိုင်ဆိုင်သမျှသူ့ အားပေးလို၏။
အိမ်ထောင်သည်ဘဝ။ ။ကိုယ်ပိုင်ဆိုင်သမျှဘဏ်တွင်တိတ်တိတ်လေးထားလို၏။
(5) ချစ်သူဘဝ ။ ။မွှန်နေသော်လည်းကိစ္စမရှိဟုဆို၏။
အိမ်ထောင်သည်ဘဝ။ ။ကိစ္စရှိမှမွှန်၏။
(6) ချစ်သူဘဝ ။ ။တစ်ယောက်နှင့်တစ်ယောက်ဖုန်းပြောပါကတိုးတိုးလေးပြော၏။
အိမ်ထောင်သည်ဘဝ။ ။ဖုန်းထဲမှအော်လိုက်ရသည်ကိုပင်အားမရ။
(7) ချစ်သူဘဝ ။ ။ချစ်သူအကြောင်းကဗျာရေးဖွဲ့ ၏။
အိမ်ထောင်သည်ဘဝ။ ။ကဗျာရေးသူငစနူ။
(8) ချစ်သူဘဝ ။ ။သူငိုလျှင်ကိုယ်လိုက်ငို၏။
အိမ်ထောင်သည်ဘဝ။ ။သူငိုလျှင်TV အစီအစဉ်တွေကောင်း၏။
(9) ချစ်သူဘဝ ။ ။သူ့ မွေးနေ့ ကိုအလွတ်ရ၏။
အိမ်ထောင်သည်ဘဝ။ ။ကိုယ့်မွေးနေ့ ကိုပင်အလွတ်မရ။
(10) ချစ်သူဘဝ ။ ။လူတောထဲတွင်လက်ချင်းချိတ် ၍သွားလေ့ရှိ၏။
အိမ်ထောင်သည်ဘဝ။ ။လူတောထဲတွင်မျက်စောင်းချိတ် ၍သွားလေ့ရှိ၏။
(11) ချစ်သူဘဝ ။ ။အစာစားလျှင်ခွံ့ ကျွေးမှကြိုက်၏။
အိမ်ထောင်သည်ဘဝ ။ ။အစာစားလျှင်ဇွန်းကိုင်လိုက်မှာကြောက်၏။
(12) ချစ်သူဘဝ ။ ။အချစ်သီချင်းများသာနားထောင်၏။
အိမ်ထောင်သည်ဘဝ ။ ။ကက်ဆက်အကြောင်းသာပြော၏။
(13) ချစ်သူဘဝ ။ ။ချစ်သူအကြောင်းသာပြော၏။
အိမ်ထောင်သည်ဘဝ ။ ။သံသရာမှလွတ်မြောက်ရာအကြောင်းသာတွေး၏။
(14) ချစ်သူဘဝ ။ ။ချစ်သူလုပ်သမျှစိတ်ဝင်စား၏။
အိမ်ထောင်သည်ဘဝ ။ ။လူပေါင်းမှားခဲ့ သည့် အတွက်ရင်ထုမနာဖြစ်၏။
forward mail ပို့ ပေးသည့် သူငယ်ချင်းကိုကျေးဇူးတင်လျှက်......




Read More...

Monday, June 16, 2008

ခွာညိုပန်းလေးရဲ့ အလွှဲအချော်လေးများမှ


တစ်ချိန်တစ်ခါက ခွာညိုပန်းလေးဆိုတဲ့ ကောင်မလေး တစ်ယောက် အကြောင်းလေးပေါ့… ကောင်မလေးသည်မည်သည့် အခါမှကျောင်းမမှန်ပါ… အမြဲတမ်းအိပ်ရာထ နောက်ကျတတ်လို့ ကျောင်းကားမမီတာကတစ်ပတ်မှာ ၃ ရက်လောက် သူမတို့ကျောင်းတက်စဉ်ကယခုကဲ့သို့ အဖြူနှင့်အပြာများ မဝတ်ရသေးပါ…လျှပ်ပေါ်လော်လီသော အဝတ်အစားမှ အပအဆင်ပြေရာ ဝတ်ခွင့်ရနေသေးသည်…..သူမတို့ကျောင်းတက်စဉ်က ထိုကျောင်းမှသူမတို့၏ senior များမှာတော်တော်ဆိုး၏... ကျောင်းအုပ်ဆရာမကြီးနှင့် အမြဲအတိုက်အခံလုပ်၏… (senior များနှင့် သိပါကသူမပြောသည်ဟု မပြောပါနှင့်) တစ်နေ့ သူမစောစောနိုးနေသဖြင့် အလှပြင်ဆင်ပြီး… တီရှပ်အနီလေးနှင့် လုံချည်အနက်ကလေးကိုဝတ်၍ ကျောင်းကားဂိတ်သို့ ကျော့ကျော့မော့မော့လေး ထွက်လာခဲ့တယ်… ထိုနေ့သည် သူမဘဝ၏အမှတ်တရ နေ့များထဲတွင်တစ်ရက် အဖြစ်ပါလိမ့်မည်ဟု ထိုစဉ်ကမသိသေး...... ကျောင်းကားဂိတ်သို့ ရောက်တဲ့အခါမှာ သူငယ်ချင်းများကမနေ့က ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား/ကျောင်းသူများတီရှပ် မဝတ်ရန် အမိန့်ထုတ်ထားကြောင်း ဝိုင်းပြောကြလေသည်။ သူမ၏မှတ်ဥာဏ် ကိုအလုပ်ပေးမိတော့မှ မနေ့က သူမကျောင်းမတက်ဖြစ် ကြောင်းပြန်လည် သတိရမိသည်။ သူမကျောင်းကားဂိတ် ရောက်တော့လက်မှနာရီကို ကြည့်မိတော့ 6.15… အိမ်သို့ပြန်၍ အင်္ကျီလဲရန်သူမတွင် အချိန်မရှိတော့…. ဒီလိုနဲ့တီရှပ်နှင့်ပဲ သူမကျောင်းသို့ ရောက်ခဲ့လေ၏….. တီရှပ်မဝတ်ရဟုအမိန့် ထုတ်ထားသော်လည်း ကျောင်းကင်တင်းတွင် senior များကိုတီရှပ် တဖားဖားနှင့် တွေ့လိုက်သောအခါ တော်တော်အားရှိသွား၏... အော်… တီရှပ်ဝတ်လာတာ ငါတစ်ယောက်ထဲမှ မဟုတ်တာဟုပင် စိတ်ထဲမှပင်ကျိတ်… တွေးမိလိုက်သေး၏… အတန်းချိန်စတော့ အတန်းတက်နေတုန်းဘဲရှိ သေးတယ်… သူငယ်ချင်းတစ်ယောက်က ရောက်လာ၍ ဟဲ့…… နင်ပြေးပြေး……ပြေးတော့….ဟိုဘက် အဆောင်မှာ ဆရာမကြီးနဲ့မော်ကွန်းထိန်းတို့ တီရှပ်ဝတ်တဲ့သူတွေ လိုက်ဖမ်းနေတယ်တဲ့… အဲ့ဒီအချိန်မှာဘဲ တီရှပ်ဝတ်လာတဲ့ ကျောင်းသားကျောင်းသူ များမှာတဝုန်းဝုန်းနှင့် သူမတို့အဆောင်ဘက်သို့ ပြေးလာသည်ကို တွေ့ရ၏… သူမလည်းကြောက်ကြောက် လန့်လန့်နှင့်ပြေးနေတဲ့ သူတွေထဲရောပြီးပါသွားရာ မည်သို့မည်ပုံ ကျောင်းအပြင်ဘက်သို့ရောက် သွားမှန်းပင် မသိလိုက်….ကျောင်းထဲလည်းပြန်မဝင်ရဲတော့….. ဒီလိုနဲ့ အဲ့ဒီနေ့က ကျောင်းမတက်တော့ပဲ ကြုံရာကားနဲ့ပဲ အိမ်ကိုပြန်ခဲ့ရတယ် အော်……..ရှားရှားပါးပါးကျောင်းတက်တဲ့ ဒီရက်ကလေးတစ်ရက်တော့ပြေးရင်းလွှားရင်းနဲ့ပဲ ကုန်သွားပြန်ပါပကောလား…. ဒီလိုပါပဲ အမြဲတမ်းတစ်ခု မဟုတ်တစ်ခု လွှဲနေတတ်တဲ့ကောင်မလေးပေါ့ နောက်မှသူငယ်ချင်းတွေဆီကကြားမိတာ အဲ့ဒီနေ့ကတီရှပ်ဝတ် လာတဲ့သူတွေကို နောက်နေ့မှာမိဘခေါ်ပြီး မော်ကွန်းထိန်းအခန်းမှာ လက်မှတ်လာထိုးရတယ်တဲ့…. တော်သေးတာပေါ့ အဟဲ.. နောက်မှကျောင်းမှာပြန် သိရတာထိုနေ့က senior တွေကတမင်တကာကိုချိန်း၍ တီရှပ်ဝတ်ခြင်းကို ဆရာမကြီးမှလည်းတမင်တကာ ကိုလိုက်ဖမ်းခြင်းဖြစ်သည်….. ကံမကောင်းရှာတဲ့ ကောင်မလေးမှာတော့ ထိုနေ့ကဘုမသိဘမသိဖြင့် ဆရာမကြီး နှင့်လိုက်တမ်းပြေးတမ်း ကစားလိုက်ရ သေးတယ်.. ဟဲဟဲ..ပြေးတဲ့ နေရာမှာတော့ ချန်ပီရန်ဘဲသိတယ်ဟုတ်….
သူမဆိုသော ကောင်မလေးမှာ ဤသို့သော အလွဲအချော်လေးများရှိခဲ့ကြောင်း ပြန်တွေးမိရင်း ……….

Read More...

Wednesday, June 11, 2008


ချစ်သူနှစ်ယောက်ရဲ့  ဦးတည်ချက်ပန်းတိုင် က ပေါင်းစည်းဖို့ တဲ့ ……နင် အ မြဲ ပြောခဲ့  တာအခုထိ ငါကြားယောင် နေဆဲပါ...ချစ်သူရယ်…….နင်မေးခဲ့ တယ်နော်…မယုံလို့  လားတဲ့ ..မဟုတ်ပါဘူးချစ်သူ…ငါနင့် ကို ယုံပါတယ်…ငါမယုံတာက ကံကြမ္မာကိုပါ…အဲ့ ဒီ့ လိုပြောလို့ နင် က ငါ့ကိုပျော့ ညံ့တယ်လို့ ထင် မှာဘဲနော်..ငါတို့ နှစ်ယောက် အချစ်အကြောင်းပြောကြလို့ အချစ်မှာစွန့် လွှတ်ခြင်းလည်းပါတယ်လို့ ငါပြောခဲ့ ရင်နင်လက် မခံခဲ့ဘူးနော်…နင် မှာငါ့ ကို ပြန်ပြောဖို့ စကားလုံးတွေကအ ဆင်သင့် နော်..”နင် ကအချစ်ရဲ့ စွမ်းအင်တွေကို မယုံလို့ လား..ငါ့ ရဲ့ အချစ်က ပျော့ ညံ့တယ်ထင်လို့ လာ.း..နင်ကကြောက်တတ်တာလား”…တဲ့ ငါဘယ်လိုဖြေရမလဲချစ်သူရယ်……..ငါရင် ထဲကအချစ်တွေကိုနင်သိအောင်ဘယ်လိုပြောရ မလဲ.. ကံကြမ္မာ ကမျက်နှာသာပေးလို့ တို့ နှစ်ယောက်ချစ်သူတွေဖြစ်ခဲ့ ကြတယ်နော်..တစ်ချိန်ချိန်မှာဆုံးရှုံးရရင်ငါခံနိုင်ရည်ရှိပါ့ မလားချစ်သူရယ်....

Read More...

Tuesday, June 10, 2008

Intro လေးဘဲ ဆိုပါတော့..


ဒီ blog လေးကိုစလုပ်ဖြစ်ခဲ့ ပုံလေးကတော်တော်တော့  ပြောစမှတ်ပြုရမယ်…blog အကြောင်းနကန်းတစ်လုံးမှနားမလည်တဲ့သူပါ..စာရေးချင်စိတ်တစ်ခုထဲသက်သက်နဲ့  လုပ်ဖြစ်တယ်ဆို တာတော့ ဝန်ခံပါတယ်…စာတွေကဗျာတွေရေးတာကို တော့ငယ်ငယ်လေးထဲကဝါသနာပါတာပါ…ရေးပြီးရင် တော့ သိမ်းထားပါတယ်…ဖတ်မယ့် သူမရှိလို့ ပါ ဟဲ ဟဲ….

စာရေးတာဝါသနာပါ တာ ကို သိ တဲ့ အကို တစ်ယောက် က နင့်စာတွေရေးပြီး ငါ blog့ မှာလာတင် လို့  ပြောပါတယ်…သိကြတဲ့  အတိုင်းပါဘဲအင်း..အဲ…လုပ်နေရင်းနဲ့  သူ ကစိတ် မရှည်တော့ ဘူးနဲ့ တူပါရဲ blog့ လေးလုပ်ပေးပါတယ်..ဒီblog လေးက အဲ့ ဒီ့ အကို မွေးဖွားပေးခဲ့ တာလို့  ပြောရင် မမှားပါဘူး(ဒီနေရာလေး ကနေကျေးဇူးတင်ကြောင်းပြောပါရစေ အကို)..အဲ့ ဒီလို နဲ့  လက်ထဲမှာ blog လေးက တော့ ရပြီ.တကယ်တကယ်ရေးရ မယ်လဲဆိုရော အော်စိတ်ညစ်ပါ ရဲ့  နော်…ဘယ်ကစရမယ်မှန်းမသိ...ဘာရေးရမယ်ဆိုတာကို စဉ်းစားရင်းနဲ့ ရေးဖြစ်တာလေးကို
တင်လိုက်ပါရဲ့ ...

Read More...

Sunday, June 8, 2008

ကျေးဇူးတင်ပါတယ်....

Read More...