
မနက်တုံးဆီက “ကို့”အပြုံးတစ်ပွင့်….
နှုတ်ခမ်းမှာဆင့်တော့ ရွှေဘဝင်အသည်း…..
နွေရင်ထဲမှာ လမင်းတစ်ရာ……….
သာသည့်ပမာသို့………………
လှိုက်လှဲကြည်နူးမော်ဖူးရင်းက……………..
ခုန်တုန်းရင်ဟာ ခုထိဆဲပါ “ကို”……………….
Wednesday, August 27, 2008
Tuesday, August 26, 2008
Thursday, August 14, 2008
မုန်းခြင်းဝါကျ
အထွေအထူးတော့်မဟုတ်ပါဘူး။ ကျွန်ပ်ဖတ်ဖူးတဲ့ "လူချစ်လူခင်ပေါအောင်လုပ်နည်း" ကဲ့သို့ သောစာအုပ်များမှ နည်းလမ်းများကို ပြောင်းပြန်ရေးထားခြင်းဖြစ်ပါသည်။ ထိုစာအုပ်များမှ နည်းလမ်းများသည် မှန်ကန်သည်၊ တကယ်လိုက်နာလျှင် တကယ်လူချစ်လူခင်ပေါမည်၊ သို့ သော် လိုက်နာရန်ခက်ခဲတတ်သည်။ ကျွန်ပ်၏ လူမုန်းများအောင်လုပ်နည်းများ သည်လည်းမှန်ကန်သည်။ ထို့ အပြင် လိုက်နာရန်လည်း လွယ်ကူသည်။
လိုက်နာစမ်းသပ်ကျင့်သုံးကြည့်ပါ။ လူမုန်းများမည်ဖြစ်ကြောင်း ၁၀၀ရာခိုင်နှုန်း အာမခံပါသည်။ အကယ်၍ အမုန်း မခံ ရပါက အမုန်းမခံ ရသည်ဟု မှတ်ယူကြပါကုန်။....
၁။ အကြင်သူတစ်ယောက် တန်ဖိုးထားသော သက်ရှိသက်မဲ့အရာဝတ္ထု၊ အကြောင်းအရာများကို ပက်ပက်စက်စက် ပြစ်တင် ရှုံ့ ချဝေဖန်ပါ။
၂။ အကြင်သူတစ်ယောက်သည် သူ စိတ်ပါဝင်စားသောအကြောင်းအရာများကို ကိုယ့်အားပြောပြနေပါက နားမထောင်းချင်ယောင်ဆောင်ပါ။ စိတ်မ၀င်စားသလိုနေပါ။
၃။ အကြင်သူတစ်ယောက်သည် အရေးကြီးသောစကားများပြောနေပါက သူ့ စကားများထဲမှ ၀ါကျသဒ္ဒါ အမှားများကိုရှာကာ ချက်ချင်းလက်ငင်း ထိုသူအား အမှားများကိုထောက်ပြပါ။
၎။ အကြင်သူတစ်ယောက်သည် ရယ်စရာပြောပြနေပါက ကိုယ်က သူပြောနေသောအကြောင်းအရာများသည် ရယ်စရာမကောင်းသလို နေပါ၊ ခပ်တည်တည်နေပါ။ ထို့ နောက် သူ့ အား ရယ်စရာမကောင်းကြောင်းပြောပါ။
အကယ်၍ အကြင်သူတစ်ယောက်သည် အရေးပါအရာရောက်သော စကားများပြောနေပါက ဟားတိုက်ရယ်ပါ။ နောက်သလို ပြောင်သလို ပြန်ပြောပါ။
၅။ အကြင်သူတစ်ယောက်အလိုရှိသော အရာများကို ဘယ်သောအခါမှ မပေးနှင့်။ အလိုမရှိသော အခါပေးပါလေ။
၆။ အပြစ်တင်ပါ။ (လူတိုင်းသည် ကိုယ့်ကိုယ်ကို အပြစ်မရှိ ဟူ၍ယူဆတတ်ကြသည်။ ထိုကြောင့် လူမုန်းများရန် လူတကာ အားအပြစ်တင်ပါ။)
၇။ အကြင်သူတစ်ယောက်သည် ကိုယ့်အားယုံကြည်မှုကို ပြသောအခါ ကိုယ်က ထိုသူအား မယုံကြည်မှုကို ပြန်ပြပါ။
၈။ မည်သူနှင့် စကားပြောသောအခါဖြစ်ဖြစ် ကိုယ်က ချည်းပဲ ရေပက်မ၀င်အောင် ပြောပါ။ အကြင်သူအား စကားပြောခွင့်မပေးပါနှင့်။
၉။ ငြင်းပါ။ ကိုယ်က မှန်သည်ဖြစ်စေ၊မှားသည်ဖြစ်စေ အကြင်သူနှင့် အနိုင်မရမခြင်း ငြင်းပါ။
၁၀။ အကြင်သူအား ဘယ်သောအခါမှ မချီးမွမ်းပါနှင့်။ အကယ်၍ အကြင်သူသည် သူတန်ဖိုးထားသော အရာ၁ခုခု ကို အောင်မြင်ရရှိသွားကြောင်း ကိုယ့်အားလာ ပြောလျှင် ကိုယ့်လောက်မတော်မတတ်အရည်အချင်းမရှိဘဲ လာပြောနေ သယောင် ထိုသူအား ပြန်လည်ပြောဆိုပါ။ ထိုသူ၏ ချီးမွမ်းဖွယ်ကောင်းသော လုပ်ရပ်များထဲ မှ အမှားများကို ရှာကာ ထောက်ပြပါ။
၁၁။ အကြင်သူအား အမြဲတမ်း အထင်သေးသောမျက်စိ၊ ကိုယ်လောက်မတတ်ဟူသောမျက်စိ၊ ပြစ်တင်ဝေဖန်မည်ဟူသောမျက်စိ၊ မယုံသင်္ကာမျက်စိ များဖြင့်ကြည့်ပါ။
၁၂။ ကိုယ်နှင့် သဘောထားအယူအဆချင်းမတူသော အကြင်သူ ၏ သဘောထားအယူအဆများကို နားမထောင်ပါနှင့်။ ဂရုလည်းမစိုက်ပါနှင့်။ ထိုသူက ပြောပြရန်ကြိုးစားသောအခါတွင်လည်း မပြောရန်တားမြစ်ပါ။ အကယ်၍ ထိုသူ၏ သဘောထားအယူအဆများကို လူအများက ယုံကြည်သည်၊ မှန်ကန်၍လည်းနေသည် ဆိုဦးတော့ ကိုယ့် သဘောထားအယူအဆများ သည်သာ မှန်ကန်သည်ဖြစ်ကြောင်း သက်သေသာဓက(ဟုတ်သည်ရှိ မဟုတ်သည်ရှိ) များဖြင့် ပြန်လည်တိုက်ခိုက်ပါ။
အထက်ပါ ၁၂ချက်သည်ကား လူမုန်းများစေသော နည်းလမ်းကောင်းများပင်ဖြစ်သည်။....ကျွန်တော့်စာကို ဖတ်ပြီးသောသူများ သည် ဖတ်နေရင်းနှင့် တွေးကြပါလိမ့်မည်(မတွေးတော့ မတွေးလို့ ပေါ့နော်)......သူပြောမှလား ငါတို့ လည်းသိတာပေါ့..အဲ့လောက် လူဂွစာပြစ်အောင်လုပ်မှတော့ လူမုန်းပြီဆိုတာ... ဟုတ်ပါသည်။ လူတိုင်းသိပါသည်။ ထို့ အပြင် လူတော်တော်များသည်လည်း ထို ၁၂ချက်များ ထဲမှ အနည်းဆုံး ၁ချက်-၂ချက် နှင့် မလွတ်ကင်းကြပါ။ တမင်သက်သက်ကျင့်သုံးနေသူများလည်းရှိကြပေလိမ့်မည်။....ကျွန်တော်ပြောချင်တာက
ူမုန်းများအောင်လုပ်ရတာလွယ်တယ်။ လူချစ်လူခင်များအောင်လုပ်ရတာ ခက်ခဲတယ်။
(အကျွန်ပ်လည်း ကြိုးစားတုန်းပင်).
Sunday, July 27, 2008
ဝေး (၂)

နွမ်း………….
သစ်ရွက်ကြွေလို လေနှင်ရာလွင့်လို့
ငါ့အတွေး ငါ့အိပ်မက်လည်း မရှိ
လွမ်း……………
အလွမ်းငှက် တစ်ကောင်လို ဘယ်ဆီမှာလဲ …
နားခိုရာမဲ့ ပျံသန်းရင်း ရင်ခွင်ကွဲကြေ
အက်ရှရှနှလုံးသားက ဘုရားသခင်ထံ တောင်းဆိုနေတဲ့
ဆုတောင်းသီချင်းလေးတစ်ပုဒ်
သို့ပေမယ့် ငါမရှိ…………
ခမ်း…………
ခမ်းခြောက်ခြောက် ငါ့နှလုံးသားရင်ခွင့်မှာ
မှီတွယ်ရာမဲ့ ရေကြည်သပေါက်ဆိုတာ
ဒဏ်သာဏ်ရီ တစ်ပုဒ်လို
အမှောင်မှာ စမ်းတ၀ါး
တစ်နေရာ အဝေးက ခေါ်သံနားစွင့်ရင်း
လျှောက်နေမိ ခမ်းခြောက်နေတဲ့
မြစ်တစ်စင်းက သံစဉ်တစ်ပုဒ်နဲ့ စီးဆင်းရင်း
ငါ ညည်းတွားနေဆဲ …….
နံနက်ခင်းသစ်ရောက်လို့ မိုးသောက်ခဲ့ရင်
ငါရဲ့ မသစ်တဲ့ နံနက်ခင်းနဲ့အတူ မျက်နှာသစ်ရင်း
ဒီသံရာ ၀ဲကရက်ထဲမှာ လည်ပတ်ရင်း
သတိရနေရအုံးမယ်…….
ဘယ်ဆီမှန်းမသိတဲ့ အသံကိုနားစွင့်
ရင်ခွင့်ကိုဖွင့်ရင် ဟောင်းနွမ်းနေတဲ့
အသက်ရှူခြင်းတွေနဲ့ ငါတစ်ယောက်
နွမ်းလျ လွမ်းတသသနဲ့ ခမ်းခြောက်စွာ
ဖြတ်သန်း လောကကြီးကို
ရယ်ပြရအုံးမယ်နော်……
ဟူး …….. မတွေးချင်တော့ဘူး အရာရာတိုင်းကို
ဆုံးရှုံးပြီလို့သိလိုက်ချိန်မှာ ညနက်နက်ရဲ့သံခေါင်းယံချိန်
ရင်ကွဲပက်လက် ဆွံ့အစွာနဲ့
သေဆုံးသွားခဲ့တယ် …………………..
Friday, July 25, 2008
ခရီးစဉ်(၁)
စိတ်ညစ်နေတဲ့သူငယ်ချင်းများရှိရင်.ဒီခရီးစဉ်ကို အခမဲ့လိုက်ပါနိုင်ပါတယ်...:P:P:P















မှတ်ချက်။...။ “ Autopilot ” ပျက်နေပါသည်


ဝေး (၁)

တင်္ဒဂ တွေ့လိုက်ရတဲ့
ချစ်သူ့မျက်နှာလေးဟာ
ညိုးငယ်နေတဲ့ ပန်းတစ်ပွင့်လို
နေထိပန်းလို နွမ်းနေတဲ့ ပန်းတစ်ပွင့်လို့
အလွမ်းသက္ကရာဇ် တွေထဲက
နေ့ …… လ ………. ရက်………
တွေကိုပြိုပျက်စေတယ် ………
ချစ်သူ အရာရာတို့ဝေးသွားပီလို့
သိလိုက်ရချိန်ကတည်းက စုဆောင်းမိခဲ့တဲ့
ငါရင်ခွင်က အလွမ်းစုပုံးလေးကို
မင်းလေးရဲ့ရှေ့ ခြေရင်းလေးမှာ ဖြန့်ချ…….
တို့နှစ်ယောက်ကြားက တိတ်ဆိတ်နေတဲ့
နေတဲ့အိပ်မက်တို မောင်….ဆက်မက်ချင်နေမိတာ
မင်းသိပါ့လား…….
ရင်ကွဲမတတ် ချစ်ရပါတယ် ဆိုတဲ့
ငါ့အချစ်… အချစ်မရှိရင် ငါရှင်သန်ခြင်းတွေ
သေဆုံးနေတယ်ဆိုတဲ့ ငါ့အတ္တ
အချစ်ဆိုတာ မရှိမဖြစ်မဟုတ်ပါဘူးဆိုတဲ့
မင်းရဲ့ အတ္တ
ဘယ်လိုဆုံမှတ်မှာများ ပြန်ဆုံနိုင်ကြမလဲနော်
ပြီးဆုံးခြင်းစာတမ်းရေး ထိုးပြီးမှတော့
ငါဘာကိုမျှော်လင့်နေရအုံးမှာလဲ ချစ်သူ
အရာရာကိုဆုံးရှုံးပြီးမှတော့
ဝင်းလဲ့နေတဲ့ ချစ်သူမျက်နှာလေးဟာလည်း
ငါမပိုင်ရတဲ့ ကြွေရုပ်ကလေးလို
ငါငေးကြည့်နေယုံရလွဲလို့ ပေးဆပ်ခွင့်မှမရှိတာနော်
ချစ်သူ…..ဆောင်းနဲ့မိုးကြား
ပူလောင်တဲ့နွေ ပြောင်းလဲခြင်းတွေ
ဘယ်လောက်ရှိရှိ ထာဝရတည်နေခဲ့တာ
မင်းကိုချစ်မိတဲ့ ငါရင်ထဲက အလွမ်းတွေပါ
မင်းကို…….
သိပ်ချစ်လွန်းလို့ မပြောရက်ဘူး သိလား
အရာရာပြီးဆုံးသွားပီဆိုပေမယ့် ငါ့ရင်ထဲက မင်းအတွက်
စိုက်ခဲ့တဲ့ ပန်းလေးတစ်ပွင့်က ငါ့သမိုင်းမှာ
မင်းအတွက်ရေးထိုးပေးမယ့် ခိုနားရာရင်ခွင့်မဲ့
ကျောက်စာတစ်ချပ်ပါကွယ်
ဘယ်လောက်ပဲပြတ်သားခဲ့ပါစေလေ
ချစ်နေခွင့် ငေးကြည့်နေခွင့်လေးတွေကိုတော့
ငါပိုင်ပါတယ် ချစ်သူ……
ဒါငါ့နောက်ဆုံးရှင်သန်ခြင်းတွေပါ…….
ရှင်သန်နေသ၍တော့ ငါရင်ခွင်ထဲမှာ မိုးတွေရွာနေအုံးမှာပဲ
အဲ့ဒါ မင်းမသိတဲ့ အလွမ်းမျက်ရည်
မိုးစက်တွေလေ ငါကျေနပ်ပါတယ်လေ
မင်းကိုချစ်ခဲ့မိတာ ငါကျေနပ်ပါတယ် ………….
Tuesday, July 15, 2008
သူမရှိသောအမှတ်တရနေ့လေးတစ်နေ့

အမှတ်တရနေ့လေးတစ်နေ့ပေါ့… ဒီနေ့လေးကို ကျွန်မတို့သတ်မှတ်ခဲ့တာ(၃)လကျော်လို့(၄)လထဲတောင်ရောက်ခဲ့ပြီလေ …… ဘယ်လောက်ဘဲအလုပ်တွေရှုပ်နေပါစေ…. တစ်ပတ်မှာတစ်ရက် တော့ online မှာတွေ့ဖြစ်မယ်လို့သတ်မှတ်ခဲ့တယ်လေ…… ကိုယ့်စိတ်ကို ကိုယ်မပိုင်တဲ့ဘဝမှာတွေ့ကြုံရတဲ့ဘဝအမောလေးတွေကို ချစ်သူလေးကိုပြောပြလို့ ဖြေသိမ့်တဲ့နေ့ကလေး တစ်နေ့ပေါ့…. မတူတဲ့နိုင်ငံနှစ်ခုရဲ့တစ်ပတ်စာတွေ့ကြုံ ခဲ့တာလေးတွေကို အပြိုင်အဆိုင်ပြောရင်းနဲ့ရန်ဖြစ်ရင်း..စိတ်ကောက်ရင်းနဲ့ပေါ့….
သတိရနေတယ်ချစ်သူရယ်….. တိတိကျကျပြောရရင် အရမ်းလွမ်းတယ်ကွာ…..
သူခရီးထွက်ရမယ်လို့ပြောတုန်းကတော့ အဲဒီလောက်ခံစားရလိမ့်မယ်ကိုထင်မထားတာ….အရင်တုန်ကပုံမှန်ဖြတ်သန်းခဲ့တဲ့
နေ့ကလေးက သူမရှိတော့မှဘာလို့များ အဲဒီလောက်ခြောက်သွေ့တယ်လို့ခံစားရပါလိမ့်...ဘာကိုမှစိတ်မ၀င်စား အရာရာတိုင်းကို စိတ်တိုင်းမကျဖြစ်ပြီး ဒေါသတွေပဲထွက်ထွက်နေမိတယ်…ပုံမှန်စောင့်နေကျ Bus ကဒီနေ့မှပိုကြာတယ်လို့ခံစားရ..… အလုပ်မှာလည်းအထစ်ထစ်အငေါ့ငေါ့ အချိန်တွေ ကဒီနေ့မှပိုရှည်နေသလိုခံစားနေရနဲ့ အော်….. ခံစားရခက်ပါဘိ..….. အလွမ်းဆိုတာရယ်… မင်းပေးတဲ့သတိရခြင်းတွေက မေ့ရင်မှာခိုဝင် တိတ်တဆိတ်ရော ပင်ပန်းကြီးစွာရော သတိရလွမ်းဆွတ် နေမိတယ် ချစ်သူရယ်.....
ချစ်သူ့ရင်ခွင်နွေးနွေး အားပေးစကားလေးတွေကို အောက်မေ့မိနေတာ သူသိပါစေကွယ်.... ဘယ်လောက်ပဲဝေးဝေး ချစ်သူ့မျက်နှာလေးတာ ရင်မှာသိမ်းဆည်း ဝေဟင်ကောင်းကင်မှာရှင်သန်ရင်း အလွမ်းသင့်ငှက်တစ်ကောင်ဟာ
ဟိုး....မိုးကုတ်စက်ဝိုင်းက နေ့သစ်တွေဆီကို ချီတက်နေဆဲပါလေ......
Thursday, July 10, 2008
ခံစားချက်(၁)

ချစ်သူ မလာပါနဲ့......
စိတ်ကူး မယဉ်ပါနဲ့....
ငါ့ဘ၀က ကြမ်းလို့ပါ
ချစ်သူ မကြင်နာပါနဲ့...
မနှစ်သိမ့်ပါနဲ့...
ငါက ပျော်ရွင်မှုကင်းမဲ့တဲ့ အရိုင်းတစ်ယောက်ပါ….
တကယ်တော့
ငါဟာ အညတြပါကွာ…..
မင်းကို မျှဝေခံစားဖို့ မဖိတ်ခေါ်လိုပါဘူး
မင်းနဲ့ငါ မိုင်တွေဘယ်လောက်ဝေေ၀း
ငါကတော့ အမြဲသတိရနေမှာပါ
ငါသိတယ်
ဒါတွေဟာ အိမ်မက်တွေပေါ့......
ဆက်မက်ဖို့လည်း မတောင်းတတော့ပါဘူး
လမ်းခွဲသီအိုရီရဲ့ ဝေဒနာကိုပွေ့ဖက်
ဆောင်းနှင်တွေရဲ့ ကြားမှာ
တဆစ်ဆစ်နဲ့ ကိုက်ခဲတဲ့ အလွမ်းဝေဒနာ
ဘုရားပေးတဲ့ ဆုတစ်ခုလိုခံယူ
ငါဟာအညတြပါ....
ဘယ်လောက်ထိမှလဲ အရေးမပါ
ဘယ်လောက်မှလဲ မကြီးကျယ်ပါဘူး
ဒီဇင်ဘာရဲ့ ဆောင်းနှင်းတစ်ပွင့်လို့
စာရင်းမရှိ နံပါတ်လည်းမရှိ
အင်း.....လိုက်ရင် ပြေးတဲ့လောကကြီးမှာ
ငါဟာ အညတြပါ....
သူငယ်ချင်းတစ်ယောက်ရဲ့ကဗျာလေးပါ.....ခံစားမိလိုက်လို့ တင်ပေးလိုက်ပါတယ်
မိုးစက်သံစဉ်

မောင်သာလေ တိမ်သားလေးတွေဆိုရင် မျှော်လင့်ထားတဲ့မနက်ဖြန်တိုင်းမှာ မိုးစက်တွေအဖြစ်နဲ့ရွာချလိုက်ချင် ပါတယ်မေ….ဒီနေ့မနက်အိမ်အပြင်ကမိုးဖွဲလေးတွေနဲ့အတူမောင်နိုးလာခဲ့တယ်…သြော်...မေနဲ့ စတွေ့ တဲ့အချိန် ရော ခွဲခွာခဲ့ချိန်ရော အခုလိုမိုးဦးအစမှာဘဲနော်…လွမ်းတယ် “မေရယ်…” မောင်သိနေတယ်…. ဟိုတစ်ချိန်တုန်းက မောင်နဲ့မေသိပ်ချစ်ခဲ့ကြတာ.... နားလည်မှုလွဲပြီး အချစ်သတ်ပုံမှားခဲ့တာကိုတွေကိုမိုးစက်လေးတွေကနားလည်ပြီး မိုးစက်လေးတွေကအသိဆုံးဖြစ်မှာပါ….
အခုလဲ မောင်လေ ပြတင်းတံခါးကိုမှီပြီးမိုးစက်လေးတွေကိုငေးနေမိတယ်…
အလွမ်းဓာတ်ခံ နှလုံးသားရှိသူမို့လား မသိဘူး မောင့်အတွက်တော့ မိုးစက်လေးတွေကျတဲ့ အသံဟာ သံစဉ်လေးတွေလို မောင့်နားထဲကြားနေမိတယ် မေရယ်….ရွာကျနေတဲ့ မိုးစက်သံစဉ်လေးက အဝေးတစ်နေရာရာမှာ ရှိနေမဲ့ မေ့အသံလေးတွေများလား…..သည်းနေတဲ့မိုးရေတွေထဲမှာ ၀ိုးတ၀ါးနဲ့မောင့်စိတ်က မေ့ပုံရိပ်တွေမြင်ယောင်နေမိတယ်…..တစ်ချိန်ကပျော်ဘူးတဲ့ မိုးစက်လေးရေ…….. မင်းကတော့မပြောင်းလဲပဲရွာနေ ပေမယ့် မတည်မြဲတတ်တဲ့ လောကကြီးထဲမှာ ကျွန်တော်တစ်ယောက်တော့ ပြောင်းလဲသွားတဲ့ တစ်ယောက်သော သူကိုတမ်းတ...လွမ်းဆွတ်…သတိရခြင်းများစွာနဲ့ ရှင်သန်နေပါတယ်ဗျာ….. ဘယ်လောက်ပဲဝေးဝေး ဘယ်လို ကြောင့်ပဲဝေးဝေး မောင့်ရင်ထဲမှာတော့ မေဟာ ထာဝရပါ….. ဟိုးအရင်လို မောင့်နံဘေးမှာ မေမရှိတော့ပေမယ့် မနေ့တနေ့ကလိုပဲ မောင့်ရင်ထဲမှာနွေးနေတုံးပဲ သိလားမေ....အမြဲတမ်းသတိရနေမိတယ် ဆိုရင် ပိုလွန်းနေမလား …..
ရင်ထဲက အလွမ်းတွေမြိုသိပ်ရင်းနဲ့ပဲ တစ်ချိန်က ပျော်ခဲ့တာလေးတွေဟာ ငါ့ရင်ထဲမှာအမှတ်တရပါ မေ…………..
ဘာမှမသေချာတဲ့ “လောက” ဆိုတာကြီးထဲမှာ အမြဲတမ်းပြုံးပျော်နိုင်ပါစေလို့ မောင် ဆုတောင်းနေပါ့မယ်
Friday, June 27, 2008
Thursday, June 26, 2008
ဆောင်းတွင်းရဲ့လွမ်းတညနေ

နှင်းလေးတွေက တဖွဲဖွဲကျနေတဲ့
ဆောင်းတွင်းရဲ့ လွမ်းတညနေ
နွမ်းလျခွေ ပန်းတွေကလည်း
မြေခကြွေကျတော့
လွမ်းနေရပြန်ပေါ့
သူလေးရယ်……….
သူမသူ့ကိုအရမ်းသတိရနေမိတယ်….နင်ရောဟင်…..ချမ်းအေးလှတဲ့ ဆောင်းတစ်ညမှာအိမ်သူသက်ထား
လေးကိုရင်ခွင်မှာမှေးသိပ်ရင်း နင့်ဘဝရဲ့ကျန်ရှိနေတဲ့အချိန်တွေကို ပျော်ရွင်ကျေနပ်စွာဖြတ်သန်း နေမှာလားဟင်… ထပ်တူညီတဲ့တစ်ချိန်ထဲမှာဘဲ ပြတင်းပေါက်ဘောင်ကို လက်ကလေးထောက်…. လေထဲမှာဝဲလွင့်စွာကျနေတဲ့ နှင်းကလေးတွေကိုကြည့်ရင်းအဝေးတစ်နေရာက သတိရနေသူတစ်ယောက် ရှိနေတယ်ဆိုတာကိုရော အတွေးထဲမှာဖျတ်ခနဲလေးတောင်မှ သတိရပါ့မလား…. ဖြစ်နိုင်ရင်တစ်ခဏ လေးပဲဖြစ်ဖြစ် ငါ့ကိုသတိရပေးပါလားချစ်သူရာ…
ငါတို့ကိုယ်တိုင် ကိုယ်နှစ်သက်ရာကိုရွေးလျှောက် ခဲ့ကြတဲ့လမ်းကဘာဖြစ်လို့မျဉ်းပြိုင်တွေ ဖြစ်နေရတာလဲကွယ်… ကောင်းကင်လေး ထဲကနေ သူ့ထက်ငါ အပြိုင်ကျဆင်းနေတဲ့ အဖြူရောင်မြူနှင်းတွေကြားမှာ ငါတို့ နောက်ဆုံးတွေ့ခဲ့တဲ့အချိန်လေးကိုရေးရေး ပြန်လည်မြင်ယောင်ရင်း…ငါ့ပါးပြင်မှာလေနွေးသက်သက် မျက်ရည်စတွေကစီးဆင်းလို့…သီချင်းသံတိုးတိုးလေးဖွင့်ထားတဲ့ coffee shop ထဲမှာခေါင်းမာတဲ့ကောင်မလေး တစ်ယောက်နဲ့ ကိုယ်ယုံကြည်ရာကိုအမှန်လို့ ထင်တဲ့ကောင်လေး တို့နှစ်ယောက်ဟာ တိတ်တိတ်ဆိတ်ဆိတ်နဲ့လမ်းခွဲခြင်းကိုများစိတ်ထဲမှာဖော်ကျူးနေသလားကွယ်… သူ့အမြင်အာရုံတွေက စားပွဲပေါ်ကပန်းနုရောင်ကဒ် လေးကို မကြည့်ပါဘူးလို့သတိထားနေပေမဲ့ စိတ်တွေကထိန်းချုပ်လို့မရ…. သက်ရှိလူသားနှစ်ယောက်ရဲ့ စိတ်ကို သက်မဲ့ကဒ် လေးပိုင်းခြားနိုင်ရဲ့လား .... လူနှစ်ယောက်ကိုအဝေးဆုံးရောက်အောင် တွန်းပို့နိုင်သလား… သိပ်ခေါင်းမာတတ်တဲ့ကောင်မလေးနဲ့ ထိုက်တန်တာ သူမတို့နှစ်ဦးကိုစည်းခြားလိုက်တဲ့ ပန်းရောင်ဖိတ်စာ ကဒ်လေးဘဲလား… အရာအားလုံးဟာပြီးသွားခဲ့ပြီတဲ့ ဘယ်အရာကိုများ သူမတမ်းတနေရအုံးမှာလဲ… သူ့ဆီကကြားနေကြစကားတစ်ခွန်းကိုလား… အဝေးဆုံးကိုထွက်ခွာသွားဖို့ဆုံးဖြတ် လိုက်ပေမဲ့သူမကိုသူမ နောင်တများရနေလားဟင်… ဟင့်အင်း…….. မရပါဘူးနော်… သူလည်းသူယုံကြည်ရာသူလုပ်သလို သူမကလည်းမှန်တယ်ထင်လို့ဆုံးဖြတ်ခဲ့တာပဲလေ… ဆိုင်လေးကိုစရောက်ကတည်းက ပန်းရောင် ကဒ်လေးကိုစားပွဲပေါ်တင်ပြီး စကားတစ်ခွန်းမှမပြောတဲ့ချစ်သူကို ပြောဖြစ်လိုက်တဲ့စကားလေးမှာ… “အရာရာ အားလုံးဆုံးရှုံးသွားတဲ့ မိန်းကလေးတစ်ယောက်ဟာ ဘာသာစကားမတူ… အယူအဆမတူ… ရေမြေတောတောင်သဘာဝတွေ မတူတဲ့သူစိမ်းတွေကြားမှာ… နင့်ကိုလွမ်းရင်းနဲ့ အနာဂတ်တွေကိုလှပစွာ ပုံဖော်ထုစစ်ဖို့ ပျော်ရွင်စွာအသက်ဆက်ရှင်သွားမှာပါ” ဒီစကားလေးကိုပြောလိုက်တော့ ဖျတ်ခနဲကြည့်တဲ့ နင့်မျက်ဝန်းထဲကစကားလုံးပေါင်းမြောက်များစွာ ကိုအမိအရဖမ်းဆုပ်ပြီး နှုတ်မဆက်ဘဲထွက်သွားခဲ့တဲ့ ငါ့ကိုခွင့်လွှတ်ပါချစ်သူ…. မျက်ဝန်းထဲကစကားများနဲ့တင်ကျေနပ်ပါတယ်… coffee shop လေးကနေ ထွက်ခါနီးခပ်တိုးတိုးဖွင့်ထားတဲ့ သီချင်းလေးကိုအာရုံစိုက်မိတော့ you are always on my mind ….. တဲ့ ဘာပဲဖြစ်ဖြစ်လေ ဝေးသွားပြီဆိုမှတော့ ဘာကိုမှလဲမမျှော်လင့်တော့ပါဘူး နင့်အတွက်တော့အရာရာဟာ အနည်ထိုင်စပြုနေနိုင်ပေမယ့် ငါ့ရင်ထဲမှာတော့လေ လျှောက်ခဲ့တဲ့ချစ်လမ်းလေးတွေကိုပြန်တမ်းတမိတာ ငါအပြစ်မဟုတ်ပါဘူးနော်…. နင်ရွေးခဲ့တဲ့လမ်းမှာနင်ပျော်ရွင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…. တမ်းတမိတာတော့ငါ့ကိုငါ လိပ်ပြာလုံပါတယ် ဘာပဲဖြစ်ဖြစ်လေ အရာအားလုံးကိုစွန့်လွှတ်ခဲ့ရရင် တောင်မှ သတိရခြင်းကိုငါပိုင်ပါတယ်…ချစ်သူ……









