
တင်္ဒဂ တွေ့လိုက်ရတဲ့
ချစ်သူ့မျက်နှာလေးဟာ
ညိုးငယ်နေတဲ့ ပန်းတစ်ပွင့်လို
နေထိပန်းလို နွမ်းနေတဲ့ ပန်းတစ်ပွင့်လို့
အလွမ်းသက္ကရာဇ် တွေထဲက
နေ့ …… လ ………. ရက်………
တွေကိုပြိုပျက်စေတယ် ………
ချစ်သူ အရာရာတို့ဝေးသွားပီလို့
သိလိုက်ရချိန်ကတည်းက စုဆောင်းမိခဲ့တဲ့
ငါရင်ခွင်က အလွမ်းစုပုံးလေးကို
မင်းလေးရဲ့ရှေ့ ခြေရင်းလေးမှာ ဖြန့်ချ…….
တို့နှစ်ယောက်ကြားက တိတ်ဆိတ်နေတဲ့
နေတဲ့အိပ်မက်တို မောင်….ဆက်မက်ချင်နေမိတာ
မင်းသိပါ့လား…….
ရင်ကွဲမတတ် ချစ်ရပါတယ် ဆိုတဲ့
ငါ့အချစ်… အချစ်မရှိရင် ငါရှင်သန်ခြင်းတွေ
သေဆုံးနေတယ်ဆိုတဲ့ ငါ့အတ္တ
အချစ်ဆိုတာ မရှိမဖြစ်မဟုတ်ပါဘူးဆိုတဲ့
မင်းရဲ့ အတ္တ
ဘယ်လိုဆုံမှတ်မှာများ ပြန်ဆုံနိုင်ကြမလဲနော်
ပြီးဆုံးခြင်းစာတမ်းရေး ထိုးပြီးမှတော့
ငါဘာကိုမျှော်လင့်နေရအုံးမှာလဲ ချစ်သူ
အရာရာကိုဆုံးရှုံးပြီးမှတော့
ဝင်းလဲ့နေတဲ့ ချစ်သူမျက်နှာလေးဟာလည်း
ငါမပိုင်ရတဲ့ ကြွေရုပ်ကလေးလို
ငါငေးကြည့်နေယုံရလွဲလို့ ပေးဆပ်ခွင့်မှမရှိတာနော်
ချစ်သူ…..ဆောင်းနဲ့မိုးကြား
ပူလောင်တဲ့နွေ ပြောင်းလဲခြင်းတွေ
ဘယ်လောက်ရှိရှိ ထာဝရတည်နေခဲ့တာ
မင်းကိုချစ်မိတဲ့ ငါရင်ထဲက အလွမ်းတွေပါ
မင်းကို…….
သိပ်ချစ်လွန်းလို့ မပြောရက်ဘူး သိလား
အရာရာပြီးဆုံးသွားပီဆိုပေမယ့် ငါ့ရင်ထဲက မင်းအတွက်
စိုက်ခဲ့တဲ့ ပန်းလေးတစ်ပွင့်က ငါ့သမိုင်းမှာ
မင်းအတွက်ရေးထိုးပေးမယ့် ခိုနားရာရင်ခွင့်မဲ့
ကျောက်စာတစ်ချပ်ပါကွယ်
ဘယ်လောက်ပဲပြတ်သားခဲ့ပါစေလေ
ချစ်နေခွင့် ငေးကြည့်နေခွင့်လေးတွေကိုတော့
ငါပိုင်ပါတယ် ချစ်သူ……
ဒါငါ့နောက်ဆုံးရှင်သန်ခြင်းတွေပါ…….
ရှင်သန်နေသ၍တော့ ငါရင်ခွင်ထဲမှာ မိုးတွေရွာနေအုံးမှာပဲ
အဲ့ဒါ မင်းမသိတဲ့ အလွမ်းမျက်ရည်
မိုးစက်တွေလေ ငါကျေနပ်ပါတယ်လေ
မင်းကိုချစ်ခဲ့မိတာ ငါကျေနပ်ပါတယ် ………….
Friday, July 25, 2008
ဝေး (၁)
Subscribe to:
Post Comments (Atom)

No comments:
Post a Comment