
မောင်သာလေ တိမ်သားလေးတွေဆိုရင် မျှော်လင့်ထားတဲ့မနက်ဖြန်တိုင်းမှာ မိုးစက်တွေအဖြစ်နဲ့ရွာချလိုက်ချင် ပါတယ်မေ….ဒီနေ့မနက်အိမ်အပြင်ကမိုးဖွဲလေးတွေနဲ့အတူမောင်နိုးလာခဲ့တယ်…သြော်...မေနဲ့ စတွေ့ တဲ့အချိန် ရော ခွဲခွာခဲ့ချိန်ရော အခုလိုမိုးဦးအစမှာဘဲနော်…လွမ်းတယ် “မေရယ်…” မောင်သိနေတယ်…. ဟိုတစ်ချိန်တုန်းက မောင်နဲ့မေသိပ်ချစ်ခဲ့ကြတာ.... နားလည်မှုလွဲပြီး အချစ်သတ်ပုံမှားခဲ့တာကိုတွေကိုမိုးစက်လေးတွေကနားလည်ပြီး မိုးစက်လေးတွေကအသိဆုံးဖြစ်မှာပါ….
အခုလဲ မောင်လေ ပြတင်းတံခါးကိုမှီပြီးမိုးစက်လေးတွေကိုငေးနေမိတယ်…
အလွမ်းဓာတ်ခံ နှလုံးသားရှိသူမို့လား မသိဘူး မောင့်အတွက်တော့ မိုးစက်လေးတွေကျတဲ့ အသံဟာ သံစဉ်လေးတွေလို မောင့်နားထဲကြားနေမိတယ် မေရယ်….ရွာကျနေတဲ့ မိုးစက်သံစဉ်လေးက အဝေးတစ်နေရာရာမှာ ရှိနေမဲ့ မေ့အသံလေးတွေများလား…..သည်းနေတဲ့မိုးရေတွေထဲမှာ ၀ိုးတ၀ါးနဲ့မောင့်စိတ်က မေ့ပုံရိပ်တွေမြင်ယောင်နေမိတယ်…..တစ်ချိန်ကပျော်ဘူးတဲ့ မိုးစက်လေးရေ…….. မင်းကတော့မပြောင်းလဲပဲရွာနေ ပေမယ့် မတည်မြဲတတ်တဲ့ လောကကြီးထဲမှာ ကျွန်တော်တစ်ယောက်တော့ ပြောင်းလဲသွားတဲ့ တစ်ယောက်သော သူကိုတမ်းတ...လွမ်းဆွတ်…သတိရခြင်းများစွာနဲ့ ရှင်သန်နေပါတယ်ဗျာ….. ဘယ်လောက်ပဲဝေးဝေး ဘယ်လို ကြောင့်ပဲဝေးဝေး မောင့်ရင်ထဲမှာတော့ မေဟာ ထာဝရပါ….. ဟိုးအရင်လို မောင့်နံဘေးမှာ မေမရှိတော့ပေမယ့် မနေ့တနေ့ကလိုပဲ မောင့်ရင်ထဲမှာနွေးနေတုံးပဲ သိလားမေ....အမြဲတမ်းသတိရနေမိတယ် ဆိုရင် ပိုလွန်းနေမလား …..
ရင်ထဲက အလွမ်းတွေမြိုသိပ်ရင်းနဲ့ပဲ တစ်ချိန်က ပျော်ခဲ့တာလေးတွေဟာ ငါ့ရင်ထဲမှာအမှတ်တရပါ မေ…………..
ဘာမှမသေချာတဲ့ “လောက” ဆိုတာကြီးထဲမှာ အမြဲတမ်းပြုံးပျော်နိုင်ပါစေလို့ မောင် ဆုတောင်းနေပါ့မယ်
Thursday, July 10, 2008
မိုးစက်သံစဉ်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment