Monday, June 16, 2008

ခွာညိုပန်းလေးရဲ့ အလွှဲအချော်လေးများမှ


တစ်ချိန်တစ်ခါက ခွာညိုပန်းလေးဆိုတဲ့ ကောင်မလေး တစ်ယောက် အကြောင်းလေးပေါ့… ကောင်မလေးသည်မည်သည့် အခါမှကျောင်းမမှန်ပါ… အမြဲတမ်းအိပ်ရာထ နောက်ကျတတ်လို့ ကျောင်းကားမမီတာကတစ်ပတ်မှာ ၃ ရက်လောက် သူမတို့ကျောင်းတက်စဉ်ကယခုကဲ့သို့ အဖြူနှင့်အပြာများ မဝတ်ရသေးပါ…လျှပ်ပေါ်လော်လီသော အဝတ်အစားမှ အပအဆင်ပြေရာ ဝတ်ခွင့်ရနေသေးသည်…..သူမတို့ကျောင်းတက်စဉ်က ထိုကျောင်းမှသူမတို့၏ senior များမှာတော်တော်ဆိုး၏... ကျောင်းအုပ်ဆရာမကြီးနှင့် အမြဲအတိုက်အခံလုပ်၏… (senior များနှင့် သိပါကသူမပြောသည်ဟု မပြောပါနှင့်) တစ်နေ့ သူမစောစောနိုးနေသဖြင့် အလှပြင်ဆင်ပြီး… တီရှပ်အနီလေးနှင့် လုံချည်အနက်ကလေးကိုဝတ်၍ ကျောင်းကားဂိတ်သို့ ကျော့ကျော့မော့မော့လေး ထွက်လာခဲ့တယ်… ထိုနေ့သည် သူမဘဝ၏အမှတ်တရ နေ့များထဲတွင်တစ်ရက် အဖြစ်ပါလိမ့်မည်ဟု ထိုစဉ်ကမသိသေး...... ကျောင်းကားဂိတ်သို့ ရောက်တဲ့အခါမှာ သူငယ်ချင်းများကမနေ့က ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား/ကျောင်းသူများတီရှပ် မဝတ်ရန် အမိန့်ထုတ်ထားကြောင်း ဝိုင်းပြောကြလေသည်။ သူမ၏မှတ်ဥာဏ် ကိုအလုပ်ပေးမိတော့မှ မနေ့က သူမကျောင်းမတက်ဖြစ် ကြောင်းပြန်လည် သတိရမိသည်။ သူမကျောင်းကားဂိတ် ရောက်တော့လက်မှနာရီကို ကြည့်မိတော့ 6.15… အိမ်သို့ပြန်၍ အင်္ကျီလဲရန်သူမတွင် အချိန်မရှိတော့…. ဒီလိုနဲ့တီရှပ်နှင့်ပဲ သူမကျောင်းသို့ ရောက်ခဲ့လေ၏….. တီရှပ်မဝတ်ရဟုအမိန့် ထုတ်ထားသော်လည်း ကျောင်းကင်တင်းတွင် senior များကိုတီရှပ် တဖားဖားနှင့် တွေ့လိုက်သောအခါ တော်တော်အားရှိသွား၏... အော်… တီရှပ်ဝတ်လာတာ ငါတစ်ယောက်ထဲမှ မဟုတ်တာဟုပင် စိတ်ထဲမှပင်ကျိတ်… တွေးမိလိုက်သေး၏… အတန်းချိန်စတော့ အတန်းတက်နေတုန်းဘဲရှိ သေးတယ်… သူငယ်ချင်းတစ်ယောက်က ရောက်လာ၍ ဟဲ့…… နင်ပြေးပြေး……ပြေးတော့….ဟိုဘက် အဆောင်မှာ ဆရာမကြီးနဲ့မော်ကွန်းထိန်းတို့ တီရှပ်ဝတ်တဲ့သူတွေ လိုက်ဖမ်းနေတယ်တဲ့… အဲ့ဒီအချိန်မှာဘဲ တီရှပ်ဝတ်လာတဲ့ ကျောင်းသားကျောင်းသူ များမှာတဝုန်းဝုန်းနှင့် သူမတို့အဆောင်ဘက်သို့ ပြေးလာသည်ကို တွေ့ရ၏… သူမလည်းကြောက်ကြောက် လန့်လန့်နှင့်ပြေးနေတဲ့ သူတွေထဲရောပြီးပါသွားရာ မည်သို့မည်ပုံ ကျောင်းအပြင်ဘက်သို့ရောက် သွားမှန်းပင် မသိလိုက်….ကျောင်းထဲလည်းပြန်မဝင်ရဲတော့….. ဒီလိုနဲ့ အဲ့ဒီနေ့က ကျောင်းမတက်တော့ပဲ ကြုံရာကားနဲ့ပဲ အိမ်ကိုပြန်ခဲ့ရတယ် အော်……..ရှားရှားပါးပါးကျောင်းတက်တဲ့ ဒီရက်ကလေးတစ်ရက်တော့ပြေးရင်းလွှားရင်းနဲ့ပဲ ကုန်သွားပြန်ပါပကောလား…. ဒီလိုပါပဲ အမြဲတမ်းတစ်ခု မဟုတ်တစ်ခု လွှဲနေတတ်တဲ့ကောင်မလေးပေါ့ နောက်မှသူငယ်ချင်းတွေဆီကကြားမိတာ အဲ့ဒီနေ့ကတီရှပ်ဝတ် လာတဲ့သူတွေကို နောက်နေ့မှာမိဘခေါ်ပြီး မော်ကွန်းထိန်းအခန်းမှာ လက်မှတ်လာထိုးရတယ်တဲ့…. တော်သေးတာပေါ့ အဟဲ.. နောက်မှကျောင်းမှာပြန် သိရတာထိုနေ့က senior တွေကတမင်တကာကိုချိန်း၍ တီရှပ်ဝတ်ခြင်းကို ဆရာမကြီးမှလည်းတမင်တကာ ကိုလိုက်ဖမ်းခြင်းဖြစ်သည်….. ကံမကောင်းရှာတဲ့ ကောင်မလေးမှာတော့ ထိုနေ့ကဘုမသိဘမသိဖြင့် ဆရာမကြီး နှင့်လိုက်တမ်းပြေးတမ်း ကစားလိုက်ရ သေးတယ်.. ဟဲဟဲ..ပြေးတဲ့ နေရာမှာတော့ ချန်ပီရန်ဘဲသိတယ်ဟုတ်….
သူမဆိုသော ကောင်မလေးမှာ ဤသို့သော အလွဲအချော်လေးများရှိခဲ့ကြောင်း ပြန်တွေးမိရင်း ……….

No comments: